Pages

Ads 468x60px

Monday, May 21, 2012

မန္တလေးသာသနယ် သမိုင်း အကျဉ်း

၁၉၈၀ ခုနှစ်မတိုင်မီပြင်ဦးလွင် မြို့ တွင် စစ်မှုထမ်းနေသော ရဲဘော်မိသားစု များစုရုံးပြီး အိမ်တိုင်းတွင် အ လှည့် ကျဘုရားဝတ်ပြုခြင်း အစီစဉ်ကို စတင်ခဲ့သည်။ ထို့ နောက်ပိုင်းတွင် သင်းအုပ်ဆရာကြီးများ နှင့် ဆက် သွယ် ကာ အသင်းတော် စတင်ရန်တိုင်ပင်ပြီး ရွာသစ်ကလေး ရပ်ကွက်တွင်မြေကြီး တစ်ခုဝယ်ယူနိုင်ခဲ့ပြီး စ တင် ခဲ့ သည်။ ပူတာအို ဧဝံဂေလိကော်မတီက ဆရာဦးဆန်ဒေါင်းဒီးဇီ မိသား စုကိုအသင်းတော်ဆရာအ ဖြစ်စေ လွတ်နိုင်ခဲ့ကာ ၁၉၈၀ ခုနှစ်၊ ဧပြီလ တွင် အသင်းတော် စတင်နိုင်ခဲ့သည်။

မန္တလေးမြို့ ပေါ်သို့ လည်း ၁၉၈၇ ခုနှစ်တွင်ဆရာဦးမနား ဒီးဆာရ်းကိုစေလွတ် နိုင်ခဲ့ပြီးအသင်းတော် စတင် နိုင်ခဲ့သည်။ ယခုအခါ ဆရာဦးထမူဆင်တန် ဦးဆောင်လျက်ရှိနေပါသည်။ ၁၉၈၆နောက်ပိုင်းတွင် ပြင်ဦးလွင်အသင်းတော်မှ ဧဝံဂေလိ ပြုခြင်း အားဖြင့် ဝက်ဝံ ၊ ကချင်စု၊ ဂေါ်ရခါး လူမျိုးများနေထိုင်သော မိုးကြိုးပစ် ရွာတို့ တွင် အသင်း တော်များ တဖြည်းဖြည်းတည်ရှိလာခဲ့သည်။

၁၉၈၆ခုနှစ်တွင် ပူတာအိုမှ အသင်းတော်များ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ထိုနှစ်မှာပင် ဆရာဦးတခွန်ဖီနှင့် ဆရာဦး ရယ်ဒမ်ဝမ် ဂျုံဆင် တို့ အား မေမြို့  (ပြင်ဦးလွင်) ဓမ္မသိပ္ပံ ကိုဖွင့်လှစ်နိုင်ခဲ့ရာ၊ မြန်မာနိုင်ငံခရစ်တော် ၏ အသင်းတော် များတွင် ပထမဆုံး B.Th ဘွဲ့ ကို ဦးဆုံးပေးခဲ့သော ကျမ်းစာသင်ကျောင်းဖြစ်ခဲ့ပါသည်။ ယခုအခါ မြန် မာ့ဓမ္မသိပ္ပံ ( Myanma Bible Institute) MBI ဟုပြောင်းလဲခေါ်ဝေါ်လာခဲ့သည်။ ယခု အခါကျောင်းအုပ်ဆရာ ကြီး ဦးမနားယောဟန်က ဦးဆောင်နေလျက် ရှိပြီး နှစ်စဉ်နှစ်တိုင်း ကျောင်းသား ကျောင်းသူပေါင်း ၈၀ ခန့်  တက် ရောက် သင်ကြားနေလျက်ရှိသည်။ ၂၀၀၄-၂၀၀၅ ခုနှစ်များတွင် မုံရွာ မြို့ နယ်တဝိုက်တွင် ဆရာ ဦးမက ရွန်ဒီး မိသားစု ရောက်ရှိပြီး အသင်းတော် စတင်နိုင်ခဲ့သည်။

No comments:

Post a Comment