ပညာရေးရဲ့ လေ့ကျင့်ပျိုးထောင်မှုအတွင်းမှာ ပြဿနာအရှိဆုံးအရာကို ပြပါဆိုရင် ကျောင်းသားရဲ့ အရည်အသွေး အကဲဖြတ်ပုံ ဖြစ်တယ်လို့ဆိုရမယ်။ ပညာရေးစနစ်က ကျောင်းသားတွေရဲ့ စွမ်းဆောင်နိုင်ရည်ကို ကြည့်ပြီး အရည်အသွေးကို အကဲဖြတ်ထုတ်ဖော်ပေးရတယ်။ ထုတ်ဖော်တဲ့ ပုံစံအမျိုးမျိုးလေး ရှိတယ်။
ကျွန်တော်တို့ ဆီမှာ အထင်အရှားတွေ့ရတဲ့ အရည်အသွေးအကဲဖြတ်ပုံကတော့ စာမေးပွဲစစ်ပြီး အမှတ်ပေးခြင်းပါပဲ။ ဒါပေမယ့် စာမေးပွဲစစ်ခြင်းနဲ့ အရည်အသွေးအကဲဖြတ်ခြင်းမှာ အမြဲတမ်းချို့ယွင်းချက်တွေရှိနေတယ်ဆိုတာလောက်တော့ သိထားရပါမယ်။ အဲဒီလို သိထားမှလည်း ကိုယ့်ရဲ့ စာမေးပွဲစစ်ခြင်းနဲ့ အမှတ်ပေးခြင်းမှာ လွဲမှားနေတဲ့ အရာတွေကို အမြဲလေ့လာပြင်ဆင်နိုင်မှာ ဖြစ်တယ်။
တစ်ခါက ကျွန်တော်တို့ရဲ့ ကဗျာစာဆိုက၀ိတစ်ဦး ဖြစ်တဲ့ မင်းသုဝဏ်ဟာ အိုင်အေတန်းကို တတ်နေပါတယ်။ ဒီအချိန်မှာ သူ့ကို မြန်မာစာ စာစီစာကုံးသင်ပေးတဲ့ ဆရာက ဇော်ဂျီပါပဲ။ ဇော်ဂျီရေးခိုင်းတဲ့ စာစီစာကုံးခေါင်းစဉ်တွေက ကျွန်တော့်အမြင်ဆိုရရင် ယနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေမှာတွေ့ရတဲ့ စာစီစာကုံးတွေလို မဟုတ်ဘဲ အနောက်တိုင်း အဆင့်မှီပြီး အဆင့်အတန်းမြင့်မားတယ်လို့ ဆိုရမယ်။
ယနေ့တက္ကသိုလ်ဝင်တန်း မှာတွေ့ရတဲ့ စာစီစာကုံးတွေက ‘အလိမ္မာစာမှာရှိ၊ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ’ လို စကားပုံဖြစ်ချင်ဖြစ်၊ မဖြစ်ရင် ‘နေသာသောနေ့၊ ကျွန်ုပ်ကြိုက်နှစ်သက်သော စာအုပ်တစ်အုပ်’ လိုမျိုး သမာရိုးကျ စာစီစာကုံးတွေပါပဲ။
ဇော်ဂျီက သူ့ရဲ့ စာသင်ခန်းထဲဝင်လာပြီး 'မိုးရေထဲကကြောင်ကလေး' ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံးရေးခိုင်းပါတယ်။ ပြီးတော့ အခြားအကြောင်းအရာ နှစ်ခုလည်းပေးပြီး ခေါင်းစဉ်သုံးခုကို စိတ်ကူးပေါ်သလို ရေးခိုင်းတယ်။ မင်းသုဝဏ်ရေးတဲ့ စာစီစာကုံးဟာ ၁၀ မှတ်မှာ ၉ မှတ် ရပါတယ်။
ဒီနေရာမှာ ၀င်လာတာက ကျောင်းသားရဲ့ အရည်အသွေးအကဲဖြတ်ဖို့အတွက် အမှတ်ပေးခြင်းပါပဲ။ ဒီအမှတ်ဟာ တကယ်ပဲ မင်းသုဝဏ်ရဲ့ အရေးအသားကို အကဲဖြတ်နိုင်တဲ့ အမှတ်လား။ ဘာကြောင့် ဇော်ဂျီက မင်းသုဝဏ်ရဲ့ အမှတ်တစ်မှတ်ကို လျော့ထားရပါသလဲ။ မင်းသုဝဏ်ရဲ့ စာစီစာကုံးဟာ အမှတ်တစ်မှတ် လျော့ဖို့ လိုအပ်နေသလား။ ကျောင်းသားတစ်ယောက်ရဲ့ အရည်အသွေးကို ဆရာက အကဲဖြတ်ခြင်းဟာ ဆရာရဲ့ သြဇာအာဏာ ပေါ်ကိုသာ မှီခိုနေရတာမျိုးဖြစ်မနေဘူးလား။
ယနေ့ကျွန်တော်တို့ရဲ့ ကျောင်းတွေမှာ ကျောင်းသားတွေ အပေါ် မြန်မာစာ စာစီစာကုံး၊ အင်္ဂလိပ်စာ အက်ဆေးနဲ့ ပတ်သတ်ပြီး အမှတ်ပေးပုံဟာ ပိုလို့တောင်မှ ဆိုးနေသေးတယ်။ မြန်မာစာ စာစီစာကုံးအမှတ် ၂၀ မှာ အမှတ်၂၀ အပြည့်ရတဲ့သူဆိုတာ မရှိဘူး၊ အကောင်းဆုံးရေးနိုင်သူကို ၁၄မှတ် ဒါမှမြန်မာတစ်နိုင်ငံလုံး မြန်မာစာ အမှတ်အများဆုံးရလောက်တဲ့သူမျိုးဆို ၁၆ မှတ်လောက်သာ ပေးတတ်တယ်။
ဒီနေရာမှာ ကျွန်တော်တို့ မေးရမှာက ကျောင်းသားရဲ့ အရည်အသွေးကို စာမေးပွဲ မဖြေခင်ကတည်း လေးမှတ်လျော့ချဖို့ အကဲဖြတ်ထားတဲ့ အမှတ်ပေးပုံဟာ တရားမျှတတယ်လို့ ဆိုနိုင်ပါ့မလား ဆိုတာပဲ။
ပညာရေးအတွင်မှာ အရည်အသွေးအကဲဖြတ်ပုံဟာ တကယ်ပဲ အရည်အသွေးကို အကဲဖြတ်ထုတ်ဖော်ပြနိုင်တဲ့ ပုံစံဟုတ်မဟုတ်ကို အမြဲစဉ်းစားနေသင့်တယ်။ အရည်အသွေးအကဲဖြတ်ပုံကို စာမေးပွဲစစ်ဆေးခြင်းသာမက ပညာရေးတစ်ခုလုံးအတွင်းက နေရာတော်တော်များများမှာ ပုံစံအမျိုးမျိုးနဲ့ ထားသင့်တယ်လို့တောင်မှ ဆိုကြတယ်။ နေရာ တော်တော်များများမှာ ထားသင့်တယ်လို့ ဆိုရင်တောင်မှ ဘယ်လိုပုံစံမျိုးနဲ့ ထားသင့်သလဲ ဆိုတာမှာလည်း အငြင်းပွားဖွယ် ရာတွေပြည့်နှက်နေတယ်။
ကျွန်တော် ပြောချင်တာ ပြဿနာတွေ အများကြီးရှိနေတဲ့ အရည်အသွေးအကဲဖြတ်ခြင်းလို အရာမျိုးအတွက် တရားမျှတမှုရှိအောင် ကျွန်တော်တို့စဉ်းစားပြီး ကြိုးစားလုပ်ကိုင်ရမယ့် အရာတွေ အများကြီး ကျန်သေးတယ်။ အဲဒီလို အရေးတကြီးလုပ်ကိုင်ရမယ့် အချိန်မှာ အရည်အသွေး ထုတ်ဖော် အကဲဖြတ်ရာမှာ ကျောင်းသားတွေ စာမေးပွဲမဖြေခင်ကတည်းက အမှတ်တွေ လျော့ထားတဲ့ အရည်အသွေး အကဲဖြတ်ပုံစံမျိုးဟာ မဖြစ်သင့်ဘူး ဆိုတာပဲ။
တစ်ချို့ပညာရေးသီအိုရီပညာရှင်တွေဆိုရင် ပညာရေးအတွင်းကနေ အရည်အသွေးအကဲဖြတ်ခြင်းကို ဖျက်သိမ်းသင့်တယ်လို့တောင်မှ အကြံဥာဏ်ပေးနေတာကိုတွေ့ရမယ်။ ပညာရှင် ‘လာနား’ ဆိုရင် တက္ကသိုလ်တွေမှာ အရည်အသွေး အကဲဖြတ်ခြင်း မရှိဘဲ အလုပ်လုပ်သင့်တယ်လို့ ဆိုတယ်။ အဲဒီနောက် deschooling ဆိုတာပေါ်လာတယ် ။ ကျောင်းတွေ မှာ စာမသင်တော့ဘဲ အိမ်မှာ စာသင်ပြီးမှနေတာပဲ။
ဒါပေမယ့် ပညာရေးမှာ သင်ကြားခြင်းနဲ့ သင်ယူခြင်းဆိုတာပါနေတဲ့ အတွက် စာမေးပွဲစစ်ခြင်းနဲ့ အရည်အသွေးအကဲဖြတ်ခြင်းလို အရာမျိုးက မဖြစ်မနေပါနေတာပဲ။ ကျောင်းရဲ့ အားကစားလုပ်မှု ၊ လူမှုရေးလုပ်ဆောင်မှု၊ ကျောင်းအသင်းအဖွဲ့တွေမှာ ပါဝင်လုပ်ဆောင်မှုတွေအတွက် အမှတ်တွေကို Deschoolers (၀ါ) ကျောင်းဆန့်ကျင်ရေးဝါဒီတွေ ပြောသလို မလိုအပ်ရင်တောင်မှ သင်ကြားခြင်းနဲ့ သင်ယူမှုရှိနေသမျှကာလာပတ်လုံး အရည်အသွေးအကဲဖြတ်ခြင်းကတော့ ရှိနေမှာပဲ။ တနည်းအားဖြင့် သင်ကြားမှုနဲ့ သင်ယူမှုဖြစ်စဉ်ကြီးဟာ ဘယ်လောက်ထိအောင်မြင်သလဲ ထိရောက်သလဲကို ပြန်စမ်းစစ်ပေးရတဲ့ သဘောရှိတာတော့ အမှန်ပဲ။
ကျောင်းဆန့်ကျင်ရေးဝါဒီတွေရဲ့အမြင်မှာ နားလည်မှုလွဲနေတာက ကျောင်းအတွင်းအရည်အသွေး အကဲဖြတ်ခြင်းဟာ ပုံစံအမျိုးမျိုး ရှိနေနိုင်တယ်ဆိုတာပဲ။ ဘာရိုးက အဓိက ပုံစံလေးမျိုးကို ထုတ်ပြတယ်။
ပထမတစ်ခုက ကျောင်းသားရဲ့ စွမ်းဆောင်ရည်ကို ပုံစံအမျိုးမျိုး နည်းလမ်းအမျိုးမျိုးအရ ကြည့်ပြီး အဆင့်သတ်မှတ်ပေးတာပဲ။ ဒုတိယတစ်ခုက အခြေခံအရည်အသွေးရှိကြောင်းလက်မှတ်ထုတ်ပေးတာပဲ။ ဘွဲ့လက်မှတ်၊ အောင်လက်မှတ်၊ အခြေခံအရည်အသွေးရှိ ကြောင်းလက်မှတ် (Certificate) စသဖြင့် ပြည်သူလူထုအတွင်း အာမခံပေးဖို့ လုပ်ရတာမျိုးဖြစ်တယ်။ တတိယ တစ်ခုကတော့ အဆင့်သတ်မှတ်ဖို့အတွက် စာမေးပွဲစစ်ဆေးခြင်းပဲ။ နောက်တစ်ခုက ယနေ့ ကျွန်တော်တို့ ကျောင်းတွေမှာ တွေ့ရတဲ့ စဉ်ဆက်မပြတ် အကဲဖြတ်ချည်းကပ်ပြီး အဆင့်သတ်မှတ်ပေးတဲ့ နည်းပဲ။
ဘာရိုးက ပညာရေး မှာ စံအဆင့်အတန်းသတ်မှတ်ခြင်းဟာ မလွဲမသွေရှိရမယ်လို့ မြင်တယ်။ ဒီအတွက် အရည်အသွေး အကဲဖြတ်ခြင်းကို စနစ်တကျတည်ဆောက်ထားဖို့ဟာလည်း ပညာရေးရဲ့ လုပ်ငန်းစဉ်းထဲမှာ အရေးကြီးတဲ့ အရာပဲ။ ဘာရိုးရဲ့ အရည်အသွေးအကဲဖြတ်ခြင်း လေးခုမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဘွဲ့လက်မှတ်နဲ့ ဆာတီဖီကိတ်ထုတ်ပေးခြင်းပဲ ။
အရည်အသွေးသတ်မှတ်ခြင်းဟာ စာမေးပွဲစစ်ခြင်းလို၊ စဉ်ဆက်မပြတ် အကဲဖြတ်ခြင်းလို အရာမျိုးကို ကြည့်ရင် ဆရာတွေရဲ့ အတ္တမနောတိကိုသာလျှင် မှီခိုရသလို ရှိတယ်။ ဒါပေမယ့် ဘွဲ့လက်မှတ်ဆိုတဲ့ အရာကြောင့် ဆရာချည်းသက်သက်နဲ့ မဆိုင်ဘဲ လူ့အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ အရာဖြစ်လာတယ်။
ဘွဲ့လက်မှတ်ကနေ ထုတ်ဖော်ပြနေတဲ့ အရည်အသွေးသတ်မှတ်ချက် ဒီလူဟာ ဘွဲ့လက်မှတ်ပါ ပညာကို တတ်ကျွမ်းတဲ့ အရည်အသွေးရှိ ကြောင်းကို လူ့အဖွဲ့အစည်းအပေါ် အာမခံပေးရတဲ့ သဘောရှိလာတယ်။ အရည်အသွေးအကဲဖြတ်ချက်ပုံစံတွေရဲ့ အဆုံးမှာ ဘွဲ့လက်မှတ်လို အရည်အသွေးအကဲဖြတ်ချက် ပုံစံတစ်ရပ်နဲ့ ပိတ်ထားတာက သက်ဆိုင်ရာ တက္ကသိုလ်ဟာ ဒီလူရဲ့ သက်ဆိုင်ရာ ပညာနဲ့ ပတ်သတ်ပြီး လူ့အဖွဲ့အစည်းကို တာဝန်ယူပါတယ်လို့ ပြောကြားနေတာသာ ဖြစ်တယ်။
ပညာရေးစနစ်က သူတို့ရဲ့ အရည်အသွေးအကဲဖြတ်ပုံအတွက် လူ့အဖွဲ့အစည်းကို တာဝန်ယူပေးရမယ်။ လူ့အဖွဲ့အစည်းက ပညာရေးစနစ်တစ်ခုကနေ ဖော်ထုတ်ပေးလိုက်တဲ့ အရည်အသွေးအကဲဖြတ်ချက်ကို အယုံအကြည်မရှိတော့ဘူး ဆိုရင် အဲဒီပညာရေး ဟာ လူ့အဖွဲ့အစည်းအပေါ် သူတို့ရဲ့ အကဲဖြတ်ပုံအတွက်တာဝန်ယူမပေးနိုင်လို့သာလျင်ဖြစ်မယ်။
သက်ဆိုင်ရာ ပညာရေးရဲ့ အရည်အသွေးအကဲဖြတ်ချက် (၀ါ) ဘွဲ့လက်မှတ်ကို လူ့အဖွဲ့အစည်းက မယုံကြည်တော့ဘူး ဆိုရင် အဲဒီ ပညာရေးစနစ်ဟာ ကျဆုံးတဲ့ ပညာရေးစနစ်ပဲ။ လူ့အဖွဲ့အစည်းထဲမှာပါ ဟန်ချက်မညီမညွတ်နဲ့ အကျပ်အတည်း ဆိုက်လာမှာ သေချာတယ်။
မင်းခက်ရဲ
Monday, May 28, 2012
Friday, May 25, 2012
ဆေးမျို ချရမှာ ခက်နေတဲ့ လူတွေအတွက် နည်းလမ်းကောင်းလေး
လူတိုင်း က ကိုယ်ကြိုက်တဲ့အစား အစာတစ်ခုကို အလွယ်တကူနဲ့ မျိုချလိုက်လို့ ရပေမဲ့၊ တော်တော်များများ ကတော့ ရော ဂါ ပျောက် ကင်းစေမဲ့ သောက်ဆေးလေး တွေကို မျိုချရ ခက်နေတတ်သာမျိုး မကြာခဏ ကြုံဖူးမှာပါ။ ဆေးနဲ့ အတူတူ ရော
သောက်ဖို့  ခပ်ထားတဲ့ရေတစ်ခွက်သာ ကုန်သွားမယ်၊ သောက်တဲ့ဆေးက ပါးစပ်မှာတင်ကျန်ပြီး အော့အန်တဲ့ အထိ ကြံဖူးကောင်း လဲ ကြုံဖူးမှာပါ။
အကြံညဏ်ပေးချင် သာကတော့ ဆေးပြား (Tablet) တွေက ရေမှာ နှစ်သွားတတ်ပြီးတော့၊ ဆေးတောင့် (Capsule) တွေ ကတော့ ရေမှာ ပေါ်နေတတ်ပါတယ်။ ဒါကြောင့်မို့ လို့  အဲ့ဒီသဘာဝအတိုင်းအသုံး ချပြီး
ဆေးသောက်နိုင် ဖို့ 
- ဆေးပြားမျိုချ မယ်ဆိုရင်၊ ပါးစပ်အတွင်းမှာရေတစ်ငုံစာလောက် ငုံထားလိုက်ပါ။ ဆေးပြားလေး ထည့်လိုက်ပြီး၊ ဦးခေါင်း ကို နှောက်ကိုမော့လိုက်မယ် ဆိုရင် ကျဆင်းသွားတဲ့ရေတွေနဲ့ အတူ ဆေးပြားလေးလဲ အလွယ်တကူ ပါသွားပါလိမ့်မယ်။ ပြီးမှ ကျန်
တဲ့ ရေကို ဆက်သောက်လိုက်ရုံပါပဲ။
- ဆေးတောင့်မျိုချ မယ်ဆိုရင်၊ ပါးစပ်အတွင်းမှာ ရေတစ်ငုံစာလောက် ငုံထားလိုက်ပါ။ ဆေးတောင့် ကိုထည့်လိုက်ပြီး ဦးခေါင်း ကို ရှေ့သို့  ငုံလိုက် မယ်ဆိုရင် ဆေးတောင့်လေးပါ အလွယ်တကူ ဗိုက်ထဲကိုရောက်သွားမှာအသေအချာပါပဲ။
အကျဉ်းချုံးအနေနဲ့  ဆေးပြား ဦးခေါင်း မော့ သောက်၊ ဆေးတောင့် ဦးခေါင်းငုံ သောက်
ဗဟုသုတ တိုးပွားနိုင်ပါစေ။

Tuesday, May 22, 2012
ခန္ဓာကိုယ် စမတ်ကျဖို့
အမျိုးသမီး တိုင်း မည်သည့် အသက် အရွယ် မဆို သွယ်သွယ် လျလျ ခန္ဓာ ကိုယ်၊ စလင်း ဘော်ဒီလေး ဖြစ်ချင် ကြတာ အမှန်ပါ။ အဲဒီစိတ်ကူးယဉ် အိပ်မက်ကို အကောင်အထည်ဖော်နိုင် ကြတဲ့သူလည်း ရှိသလို ထင်တိုင်းမဖြစ် ကိုယ်အလေးချိန်တက်လာပြီး ခန္ဓာ ကိုယ်ဝ၀ကြီး ဖြစ်လာကြသူတွေလည်း မနည်းပါ။ ကိုယ်အလေးချိန်တက်ကာ ဝလာတဲ့ အမျိုးသမီးအများစုဟာ သူတို့ရဲ့ခန္ဓာကိုယ်ကြီးမှာဗိုက်ပူ လက် မောင်းတွေတုတ် မျက်နှာကြီး ဖောင်း ကားလာတာကိုတော့ မကြည့်လို မမြင်လိုဘဲ ဖြစ်တတ်ကြပါတယ်။ အဝလွန်နေတဲ့အမျိုးသမီးများ အနေနဲ့ ဆန့်ကျင်ဘက်အမျိုးသား တွေကို ဆွဲဆောင်မှုသိပ်မရှိနိုင်ဘူးလို့ ဆိုရပါမယ်။ ဒါ့အပြင် အခြားကျန်းမာ ရေးပြဿနာတွေ ဥပမာ သွေးတိုးရော ဂါ၊ သွေးတွင်းအဆီဓာတ်များပြားခြင်း၊ ဆီးချိုသွေးချိုရောဂါစတာတွေကိုလည်း နောက်ဆက်တွဲ ခံစားရတတ်ပါသေး တယ်။ ဒါကြောင့် ဒီတစ်ပတ်တော့ ခန္ဓာကိုယ်အလေးချိန် မတိုးလာအောင် စလင်းဘော်ဒီလေးအတိုင်း ထိန်းသိမ်း ထားနိုင်အောင် ဘာတွေလုပ်ရမလဲဆို တာ ဖော်ပြလိုပါတယ်။
ဘာကြောင့် ၀ဝလာရတာလဲ
"ဝမှလှတာပေါ့" လို့ ဟိုးယခင် က အနိုင်မခံအရှုံးမပေး ပြောခဲ့ကြ ပေမယ့် ယနေ့ ၂၁ ရာစုခေတ်မှာ တော့ ဒါဟာ ဟာသတစ်ခုလို ဖြစ် သွားပါပြီ။ နိုင်ငံတကာမှာ မော်ဒယ်လ် လို့ အမည်တပ်ခံရတဲ့ အမျိုးသမီးလေး တွေရဲ့ခန္ဓာကိုယ်ကို ကြည့်လိုက်ပါ။ မိမိဘာဖြစ်လို့ ဝတာလဲလို့ သေသေ ချာချာ အားမနာတမ်း ဝေဖန်လိုက် ပါ။ ဘာကြောင့်ဝလာရသလဲဆိုတဲ့ အကြောင်းရင်းကတော့ အစားခဏ ခဏစားတယ်။ ဗိုက်တင်းသွားအောင် စားတယ်။ အဆာမခံဘူး။ ဆာတယ် လို့ခံစားရတာနဲ့ချက်ချင်းအစားအစာ တစ်ခုခုကောက်ဝါးလိုက်တာပဲ။ အဲဒီလို အပြုအမူတွေကြောင့် ကိုယ်အလေး ချိန်တွေ တိုးလာတာဖြစ်ပါလိမ့်မယ်။ တစ်နေ့တာလုံးမှာ သင်စားခဲ့တဲ့အစား အစာတွေ စာရွက်ပေါ် ချရေးဖူးပါ သလား။ တစ်ခါမှ မရေးဖူးဘူးလို့ ၉၀ ရာခိုင်နှုန်းသော အဝလွန်နေသူတို့က ဝန်ခံလေ့ရှိပါတယ်တဲ့။
အဲဒီတော့ ကိုယ်ဘယ်လောက် စားမိလို့ စားမိ မှန်းကို မသိတော့ဘူး ဖြစ်လာပါတယ်။ တချို့အမျိုးသမီးတွေဟာ "သူများတွေလည်း ငါ့လိုတအားစား တာပါပဲ။ ဒါပေမယ့် နည်းနည်းမှ မဝလာဘူး" ဆိုပြီး သွယ်လျတဲ့ခန္ဓာ ကိုယ်ကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက် နဲ့ မိမိကိုယ်ကို နှိုင်းယှဉ်ကြည့်တတ် ကြပါသေးတယ်။ ထိုသူမှာ ခန္ဓာကိုယ် အလေးချိန် ဘာကြောင့် မတိုးရသလဲ ဆိုတဲ့ လျှို့ဝှက်ချက်တစ်ခုတော့ ရှိကို ရှိနိုင်ပါတယ်။ ဥပမာ-အစာစားတဲ့အခါ ကြာကြာဝါးပြီး တဖြည်းဖြည်း တစိမ့်စိမ့် စားတဲ့သူလား၊ သူဟာ ဗိုက်မဆာဘဲ အစာစားတတ်သူလား စတဲ့ သူရဲ့ သတိထားမိပါသလား။ ဒီ့ပြင် လှုပ်ရှားမှုနည်းတဲ့သူတွေ၊ အိမ်ထဲမှာတစ်နေကုန်ထိုင်ကာ တီဗီ ကြည့်သူ၊ အင်တာနက်သုံးသူတွေ၊ ကျောင်း သို့မဟုတ် ရုံးမှာ တစ်နေ ကုန် စားပွဲမှာထိုင် အလုပ်လုပ်ရသူ တွေဟာ ကိုယ်လက်လှုပ်ရှားသွားလာမှု အလွန်နည်းပါးကြတယ်။
အဲဒီအထဲမှာ စားစရာအမျိုးမျိုးကို တစ်ခုပြီးတစ်ခု စားနေတတ်သူဆိုပါက ကိုယ်အလေး ချိန်လျော့ဖို့ဆိုတာ အတော်ခက်ပါ တယ်။ ကိုယ်အလေးချိန် မတိုးအောင် ဂရုပြုသင့်တဲ့အချက်တစ်ခုကတော့အိပ် ရေးဝအောင်အိပ်ခြင်းပဲ ဖြစ်ပါတယ်။ အိပ်ရေးမဝရင်လည်း ဝလာတတ်ပါ တယ်။ တစ်နေ့လျှင် ၇ နာရီအိပ်သင့် ပါတယ်။ နောက်တစ်ချက်ကတော့ အများ ပြောပြောနေကြတဲ့ စိတ်ဖိစီးမှုဆိုတဲ့ စိုးရိမ်စရာတွေ၊ ကြောက်လန့်ရတာ တွေ၊ ဝမ်းနည်းရတာတွေ စတဲ့ စိတ် ခံစားမှုတွေကို အလေးပေး ရှေ့တန်း တင်တတ်တဲ့သူတွေမှာ စိတ်လှုပ်ရှား စရာ တစ်မျိုးမျိုးနဲ့ ကြုံလေတိုင်း စိတ်ဖြေဖျောက်စရာအဖြစ် အစားတွေ အများကြီးစားတတ်တဲ့အကျင့်ပါပဲ။
"စိတ်ဓာတ်ကျတယ်ကွာ"ဆိုပြီး စိတ် လေးလံထိုင်းမှိုင်းလာတဲ့အခါ ဦးနှောက် လေးရွှင်လန်းလာစေဖို့ အချိုကဲတဲ့ အစားအစာတွေ အားရပါးရထိုင်စား နေရင် ကြာတော့ ကိုယ်အလေးချိန် မတိုးဘဲ မနေတော့ပါ။ အချို့ကျတော့ မျိုးရိုးကိုလိုက်ပြီး ဝတတ်ကြတာဆိုတော့ မျိုးရိုးကိုပဲ အပြစ်တင်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မျိုးရိုးက ဝတဲ့မျိုးရိုးမှန်းသိနေ ရင် အားကစားခန်းမကိုသွားပြီး စနစ်တကျ ကိုယ်အလေးချိန်ထိန်းတဲ့ စီမံချက်မျိုး လုပ်ဖို့တော့ လိုပါတယ်။ ကျွမ်းကျင်တဲ့ပညာရှင်နဲ့တိုင်ပင်ပြီး ကိုယ်အလေးချိန် မတက်လာအောင် စားသောက်နေထိုင်လို့ ရပါတယ်။
ခန္ဓာကိုယ် စမတ် ကျအောင် ဘာလုပ်ရမလဲ
မိမိရဲ့ အမူအကျင့်ကြောင့် တစွတ် စတွ် စားတတ်တဲ့ အလေ့အကျင့်ကို ပြုပြင်လိုက်ပါ။ အချိန်မှန်မှန်စားပါ။ တစ်နေ့တာစားသမျှ အစားအစာကို ချရေးမှတ်ပါ။ ဆီကြော်တွေ၊ အဆီ များတဲ့ အစားအစာတွေစားတာများ နေသလားဆိုတာ ပြန်လည်ဆန်း စစ် ပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံများကို စားသုံးပေးပါ။ နေ့စဉ် လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ဘဝမှာ ကျန်းကျန်းမာမာ အ သက်ရှည်ရှည် နေထိုင်ဖို့ အကောင်း ဆုံးနည်းကတော့ သွေးလှည့်ပတ်မှု ကောင်းစေရန် လေ့ကျင့်ခန်း နေ့စဉ် ၁ နာရီခန့် မှန်မှန်လုပ်ရန် အရေး ကြီးပါတယ်။ ၁ နာရီ အချိန်မပေး နိုင်ရင်တောင် နာရီဝက်တော့ မဖြစ် မနေလုပ်သင့်ပါတယ်။
လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် စားသမျှ ကယ်လိုရီ တွေ လောင်ကျွမ်းပစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ သင့်ဘဝမှာ နေ့စဉ်မလွဲ ရင်ဆိုင်ဖြေရှင်းရမှာပါ။ စိတ်ပြေလျော့တတ်အောင် ထားရန် သာလိုပါတယ်။ ဂီတနားထောင်ခြင်း၊ သီချင်းဆိုခြင်း၊ တရားထိုင်ခြင်း၊ ယောဂလေ့ကျင့်ခြင်း၊ အားကစား တစ်ခုခုပြုလုပ်ခြင်းတို့ဖြင့် စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ။ အိပ်ရာဝင်ခါနီး ကဖင်းဓာတ်ပါ တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက် သုပ်တို့ မစားပါနှင့်။ ဒါတွေကိုစားရင် တော်တော်နှင့် အိပ်မပျော်တတ်ပါ။ အိပ်ရေးပျက်လေ အစားထိုးပြန်အိပ် လေနဲ့ ပိုပြီးဝလာတတ်ပါတယ်။
လှယမင်းတင်
Ref: Health Digest
Source: http://yoyarlay.com/index.php/health/health/beauty/24764-2012-03-29-06-58-30
နွေရာသီတွင် ဆင်ခြင်သင့်သည်များ
၁။ ရေခဲရေ သောက်တဲ့အခါ
နွေရာသီမှာ ပူပြင်းတာ မှန်ပေမယ့်ရေခဲရေ အးအေးသောက်တာ သင့်ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင်ရဲ့ အပူချိန်တွေကြားမှာ အပူအအေး မမျှတ မှုဖြစ်စေ တာကြောင့် မသောက်သင့်ပါဘူး။ သင်ကရေ ခဲရေသောက်လေ့ ၊သောက်ထရှိ သူတစ်ယောက်ဖြစ်နေ ရင်နေပူထဲ ကနေပြန်ရောက် လာချင်းတော့ ရေခဲရေကို ချက်ချင်းမသောက်ပါနဲ့။ ခဏလောက် နားပါ။ ပြီးမှ ရေခဲရေသောက် ပါ။ဖြစ်နိုင် ရင်တော့ ရိုးရိုးရေသောက်တာ အကောင်း ဆုံးပါ။
၂။ ကိုယ်ပူကြီးတဲ့အခါ
နွေရာသီမှာ ဖျားနာလာတဲ့အခါ အဝတ်အစား ထူထူဝတ်၊ စောင်အထပ်ထပ် ခြုံပြီး ချွေးထုတ်တာမျိုးတွေ မလုပ်ပါနဲ့။ ရောဂါပိုဆိုးသွားနိုင်ပါတယ်။ ဖျားနာပြီး ကိုယ်ပူကြီးနေခဲ့ရင် ခန္ဓာကိုယ်ကို အေးအောင်လုပ်ပေးပါ။ ရေဖတ်ဝတ်ကပ်ပေးတာ၊ ရေခဲကပ်ပေးတာမျိုး ပြုလုပ်ပေးပါ။ လိုအပ်ပါက တစ်ကိုယ်လုံးအေး သွား အောင် ရေချိုးချပေးပါ။
၃။ လေ့ကျင့်ခန်းလုပ်တဲ့အခါ
လေ့ကျင့်ခန်းလုပ်တာက ကျန်းမာ ရေးအတွက် သင့်တော်ပြီး လုပ်သင့်လုပ် ထိုက်တဲ့ အရာပါ။ ဒါပေမဲ့ နွေရာသီ မှာတော့ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်း လုပ် တာမျိုးကိုရှောင်ပါ။ ချွေးထွက်များ ပြီး ကုန်ခန်းသွားတဲ့ ဓာတ်ဆားနဲ့ရေဓာတ် ကိုပြန်မဖြည့်ပေးနိုင်ရင် အသက် အန္တရာယ်အထိ ဒုက္ခပေးနိုင် ပါတယ် ။ ရေများများသောက်ပေးပါ။ နွေရာသီရဲ့ အပူဒဏ်ကြောင့် ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်ဖြည့်ပေးနိုင်စေ ဖို့ ရေများများသောက် သုံးပေး တာက အ သင့်တော် ဆုံးပါ။
၎။ နေပူထဲသွားတဲ့အခါ
နွေရာသီရဲ့ ပူပြင်းတဲ့နေရောင်ခြည် အောက်မှာ ထီး၊ ဦးထုပ်မပါဘဲလျှောက် သွားနေလို့ သင့်တော်ပါ့မလား။ ထီးနဲ့ ဖိနပ် မပါရင် နွေရာသီက သင့်အတွက် အကျည်းတန်နေမှာပါ။ နွေရာသီရဲ့ ပူပြင်းတဲ့နေရောင်အောက်မှာ သင့်အသား အရေကို နွေအပူဒဏ်ကနေ ကြံ့ကြံ့ခံ ကာကွယ်ပေးဖို့ သင်အပြင်သွားတိုင်း ထီးယူသွားဖို့နဲ့ နေရောင်အောက်ရောက် တဲ့အခါထီး၊ ဦးထုပ်ဆောင်းဖို့ မမေ့ပါနဲ့။ နေရောင်ခြည်ကြောင့် မျက်ဝန်းတစ်ဝိုက် မှာ အရေးကြောင်းဖြစ်တာကို ကာ ကွယ် ဖို့ နေပူထဲသွားတဲ့အခါ နေရောင်ခြည်ကို အမှန်တကယ် ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တပ်ပါ။
၅။ ဝမ်းနုတ်ဆေးသောက်တဲ့အခါ
ဝမ်းနုတ်ဆေးသောက်တာတွေက ဓာတ်ဆားနဲ့ ရေဓာတ်ကို ခန်းခြောက် သွားစေပါတယ်။ နွေရာသီလို ပူပြင်းချိန် မှာ ဝမ်းနုတ်ဆေးမစားသင့်ပါဘူး။ လို အပ်ပါ က ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဆ ရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ပါ။
၆။ အသီးအနှံစားတဲ့အခါ
နွေရာသီမှာ အပူရှိန်ပြင်းတာ ကြောင့် အသီးတွေ မှည့်လွယ်ပါတယ်။ အဲဒါကြောင့် သင့်အိမ်မှာ ဝယ်ထားတဲ့ အသီးတွေ အမှည့်လွန်သွားခဲ့ရင် လွှင့်ပစ် ရ မှာနှမြောပြီး မစားပါနဲ့။ အထူးသဖြင့် လမ်းမှာ သင်ဝယ်စားတဲ့ အသီးတွေက လည်း အမှည့်လွန်နေနိုင်ပါတယ်။ အမှည့်လွန်အသီးတွေက ပိုချိုတာ ကြောင့် ယင်ကောင်တွေနားနိုင်ပါတယ်။ ယင်ကောင်ရဲ့ခြေထောက်မှာ ရောဂါပိုး တွေ သယ်ဆောင်ထားတာကြောင့် သင့်ဆီ ရောဂါပိုးတွေ ကူးစက်နိုင်ဖို့ အခွင့်အလမ်း များပါတယ်။
၇။ အစားအသောက်တွေစားတဲ့အခါ
ရောဂါပိုးတွေထဲက အသည်းရောင် အသားဝါ အေပိုးတွေကို အစားအ သောက်တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ အေ ပိုးရှိ သူရဲ့ မစင်ကနေတစ်ဆင့် တခြားသူ တွေကို ကူးစက်နိုင်ပါတယ်။ အသည်း ရောင် အသားဝါ အီးပိုးကတော့ ရေက နေ တစ်ဆင့်ကူးတာ များပါတယ်။ အေ ပိုးက သာမန်လူကောင်းတွေမှာ ရောဂါဆိုး ဆိုးရွားရွားမဖြစ်ပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေမှာတော့ အသက်အန္တ ရာယ်ဖြစ် စေနိုင် ပါတယ် ။ နွေရာသီမှာ ကူးစက်မှု အများဆုံး ရောဂါပိုးကတော့ Escherichia coli (E-coli)ဖြစ်ပြီး ဝမ်းရောဂါ ကိုဖြစ်စေပါတယ်။ တခြားဝမ်းရောဂါဖြစ်စေ တဲ့ပိုးတွေ ထဲက Rota-viruses က ကလေးရော၊ လူကြီးမှာပါအဖြစ်များတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။
၈။ အဝတ်အစားဝတ်ဆင်တဲ့အခါ
ချည်ထည်ပွပွချောင်ချောင် အင်္ကျီတွေက လေဝင်လေထွက်ကောင်းတာကြောင့် ခန္ဓာကိုယ်ကို အေးမြနေစေပြီး ချွေးထွက်နည်းစေပါတယ်။ အထူး သဖြင့် လေ့ ကျင့်ခန်း လုပ်တဲ့အခါ ချွေးစုပ်ယူနိုင်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ဖို့ လိုပါတယ်။ အဝတ်အစားကို နှစ်ထပ်၊ သုံးထပ်ဝတ်ဆင် တာမျိုးက နွေရာ သီမှာ ဖက်ရှင်ကျတဲ့ ဝတ်ဆင်မှုမျိုး မဖြစ်စေဘဲ ပူအိုက်ကာ စိတ်ရှုပ်ထွေးမှု ဖြစ်စေပါ တယ်။ ဒါ့အပြင် ချွေးထွက်တာကို ပိုအား ပေး တာကြောင့် အထပ်ထပ် ဝတ်ဆင် တာ မျိုးကို ရှောင်ပါ။
၉။ ဖိစီးမှုများတဲ့အခါ
ပူအိုက်လွန်းတာကြောင့် ချွေးထွက် များပြီး စိတ်ဖိစီးမှု ကိုဖြစ်စေပါတယ်။ စိတ်ဖိစီးမှုများတာကြောင့် လည်းချွေးထွက်များတာကိုဖြစ်စေပါတယ်။ ဖိစီးမှု နဲ့ ချွေးထွက်များတာက အပြန်အလှန် သက်ရောက်မှုရှိနေပါတယ်။ စိတ်ဖိစီးမှု များတဲ့အခါ ခန္ဓာကိုယ်ကို အနားရစေမယ့် ယောဂကျင့်တာ၊ တရားအားထုတ် တာနဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ် ပေးပါ။ ဒီနည်းတွေက ချွေးထွက်များတာ ကို ကုစားနိုင်ပါတယ်။
ဇာချည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Credits to yoyarlay.com

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါ။
ခြေထောက်ချိတ်ထိုင်ခြင်း
ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း(Varicose Vein)ကို ဖြစ်စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်တော့ သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ်တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။
သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း
သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီးသွားတဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေက သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်လခွဲလောက်ကြာတိုင်း သွားပွတ်တံ တစ်ချောင်းလဲသုံးပေးပါ။ သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွားတာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့ အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။
မကြာခဏ အပြင်ထွက်စားခြင်း
စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံးသူတွေကို ဆွဲဆောင်တတ် ပါတယ်။ တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို မရွေးချယ်တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။
မနက်စာ မစားဘဲနေခြင်း
မနက်စာက သင့်တစ်နေ့တာ အတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။ ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူတွေ အနေနဲ့ မနက်စာမစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။
ဒေါက်မြင့်ဖိနပ် စီးခြင်း
သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ်များတဲ့ နေ့တွေမှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။ ဒေါက်မြင့်ဖိနပ်လေး စီးပြီး ပွဲတတ်တာမျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်စေနိုင်ပါဘူး။
ဆိုဖာပေါ်မှာ အိပ်ခြင်း
ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြားခံပါ။ သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။ ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။
ခေါင်းအုံးထူထူပေါ် အိပ်ခြင်း
လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။ သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေအတွက် မသင့်တော်ပါဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။ အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံးလဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။
လေ့ကျင့်ခန်း မလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။ မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်တိုးပြီး လေ့ကျင့်ပေးပါ။

Monday, May 21, 2012
Simple Present Tense အကြောင်း
Tense ဆိုသည်မှာ Verb ၏ အချိန်ကာလ ကို ဖော်ပြရာ တွင် အသုံးပြုခြင်း ဖြစ်သည်။ Tense များထဲတွင် simple present tense နှင့် simple past tense မှတစ်ပါး ၊ အခြား tense များသည် စကားစု (phrase) အဖြစ် တည်ရှိတယ်။
ဥပမာ
၁. I drink coffee every morning. (simple present tense) စာလုံးစောင်းဖြင့် ပြသ ထားသော verb သည် တစ်လုံးတည်းရပ်တည်သည်။
၂. I am drinking coffee now. (present continuous tense) စာလုံးစောင်းဖြင့် ပြသ ထားသော verb သည်အစု လိုက် ရပ်တည်သည်။
နောက်ပိုင်း သင်ခန်းစာများ မှာ အသေးစိတ် ရှင်းပြသွားပါမယ်။ ကနေ့  အတွက်တော့ Simple Present Tense အကြောင်း အကျဉ်းချုံး ပြောပြသွားပါမယ်။ simple present tense ကိုပြုလေ့ပြုထ ရှိသည့်အကြောင်း အရာ အတွက်အများဆုံးသုံး ပါတယ်။
ဥပမာ။
၁. I work night shifts. စာလုံး စောင်း ပြထားတာ ဟာ ပြုလုပ်လေ့ ပြုလုပ်ထ ရှိတဲ့အကြောင်းအရာ ကို ပြချင်တဲ့ Verb tense ဖြစ်ပါတယ်။
၂. He takes the 8 o'clock bus to work every morning. စာလုံး စောင်း ပြထားတာ ဟာ ပြုလုပ်လေ့ ပြုလုပ်ထ ရှိတဲ့အကြောင်းအရာ ကို ပြချင်တဲ့ Verb tense ဖြစ်ပါတယ်။ ဒီ verb ထူးခြားတာ က s ထည့် ထားခြင်းပါ။ Subject အဖြစ် ရပ်တည် နေတဲ့ He ဟာ Third person singular ဖြစ်နေတာ ကြောင့် verb မှာ s ထည့်ပေး ရခြင်းဖြစ်ပါတယ်။
နောက်ပိုင်း သင်ခန်းစာတွေ ကိုလဲ စိတ်ဝင်စားတစား စောင့်ကြည့်မယ် လို့ မျှော်လင့်ပါတယ်။
ဘုရားရှင်ကောင်းကြီးပေးပါစေ။

မန္တလေးသာသနယ် သမိုင်း အကျဉ်း
၁၉၈၀ ခုနှစ်မတိုင်မီပြင်ဦးလွင် မြို့ တွင် စစ်မှုထမ်းနေသော ရဲဘော်မိသားစု များစုရုံးပြီး အိမ်တိုင်းတွင် အ လှည့် ကျဘုရားဝတ်ပြုခြင်း အစီစဉ်ကို စတင်ခဲ့သည်။ ထို့ နောက်ပိုင်းတွင် သင်းအုပ်ဆရာကြီးများ နှင့် ဆက် သွယ် ကာ အသင်းတော် စတင်ရန်တိုင်ပင်ပြီး ရွာသစ်ကလေး ရပ်ကွက်တွင်မြေကြီး တစ်ခုဝယ်ယူနိုင်ခဲ့ပြီး စ တင် ခဲ့ သည်။ ပူတာအို ဧဝံဂေလိကော်မတီက ဆရာဦးဆန်ဒေါင်းဒီးဇီ မိသား စုကိုအသင်းတော်ဆရာအ ဖြစ်စေ လွတ်နိုင်ခဲ့ကာ ၁၉၈၀ ခုနှစ်၊ ဧပြီလ တွင် အသင်းတော် စတင်နိုင်ခဲ့သည်။
မန္တလေးမြို့ ပေါ်သို့ လည်း ၁၉၈၇ ခုနှစ်တွင်ဆရာဦးမနား ဒီးဆာရ်းကိုစေလွတ် နိုင်ခဲ့ပြီးအသင်းတော် စတင် နိုင်ခဲ့သည်။ ယခုအခါ ဆရာဦးထမူဆင်တန် ဦးဆောင်လျက်ရှိနေပါသည်။ ၁၉၈၆နောက်ပိုင်းတွင် ပြင်ဦးလွင်အသင်းတော်မှ ဧဝံဂေလိ ပြုခြင်း အားဖြင့် ဝက်ဝံ ၊ ကချင်စု၊ ဂေါ်ရခါး လူမျိုးများနေထိုင်သော မိုးကြိုးပစ် ရွာတို့ တွင် အသင်း တော်များ တဖြည်းဖြည်းတည်ရှိလာခဲ့သည်။
၁၉၈၆ခုနှစ်တွင် ပူတာအိုမှ အသင်းတော်များ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ထိုနှစ်မှာပင် ဆရာဦးတခွန်ဖီနှင့် ဆရာဦး ရယ်ဒမ်ဝမ် ဂျုံဆင် တို့ အား မေမြို့  (ပြင်ဦးလွင်) ဓမ္မသိပ္ပံ ကိုဖွင့်လှစ်နိုင်ခဲ့ရာ၊ မြန်မာနိုင်ငံခရစ်တော် ၏ အသင်းတော် များတွင် ပထမဆုံး B.Th ဘွဲ့ ကို ဦးဆုံးပေးခဲ့သော ကျမ်းစာသင်ကျောင်းဖြစ်ခဲ့ပါသည်။ ယခုအခါ မြန် မာ့ဓမ္မသိပ္ပံ ( Myanma Bible Institute) MBI ဟုပြောင်းလဲခေါ်ဝေါ်လာခဲ့သည်။ ယခု အခါကျောင်းအုပ်ဆရာ ကြီး ဦးမနားယောဟန်က ဦးဆောင်နေလျက် ရှိပြီး နှစ်စဉ်နှစ်တိုင်း ကျောင်းသား ကျောင်းသူပေါင်း ၈၀ ခန့်  တက် ရောက် သင်ကြားနေလျက်ရှိသည်။ ၂၀၀၄-၂၀၀၅ ခုနှစ်များတွင် မုံရွာ မြို့ နယ်တဝိုက်တွင် ဆရာ ဦးမက ရွန်ဒီး မိသားစု ရောက်ရှိပြီး အသင်းတော် စတင်နိုင်ခဲ့သည်။

Subscribe to:
Posts (Atom)